“Thai Expo Mandalay 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မန္တလေးမြို့တွင်ကျင်းပမည်”
30 Aug
ထိုင်း-မြန်မာ စီးပွားရေးနယ်ပယ်အသီးသီးမှ ထုတ်ကုန်များစွာပါဝင်မည့် Thai Expo Mandalay 2026 ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မန္တလေးမြို့ Mandalay Convention Centre(MCC)၌ လာမည့် အောက်တို ဘာလ ၂ ရက်မှ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ ပြပွဲတွင် အစားအသောက်ထုတ်ကုန်များ၊ အလှအပဆိုင်ရာပစ္စည်းများ၊ ဖက်ရှင်နှင့် လူနေမှုဆိုင်ရာပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ၊ နိုင်ငံတကာကျောင်းများ၊ စက်ယန္တရားနှင့် ကိရိယာများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ပါဝင်မှာ ဖြစ်ပါတယ်။ အဆိုပါပြပွဲကို သီတင်းကျွတ်ပွဲတော်မတိုင်မီ ကျင်းပမှာဖြစ်ပြီး မိတ်ဖက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ကာ ကောင်းမွန်သည့် စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးနိုင်ခြင်း၊ Marketing Budget အသုံးပြုစရာ မလိုခြင်းအပြင် ထိုင်းနိုင်ငံမှလုပ်ငန်းရှင်များနှင့် တိုက်ရိုက်တွေ့ဆုံပြီး စီးပွားရေးအခွင့်အလမ်းများ ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်ကုန်ပစ္စည်းများ စုံစုံလင်လင်ရောင်းချနိုင်ပြီး မိမိတို့၏ထုတ်ကုန်များကို အကောင်းမွန်ဆုံး ဈေးကွက်မြှင့်တင်နိုင်ကာ နယ်ပယ်အသီးသီးမှ လုပ်ငန်းများအကြား မတူညီသည့် စီးပွားရေးအခွင့်အလမ်းများကို ရရှိစေမှာဖြစ်ပါတယ်။ စီးပွားရေးပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၉၀ ပါဝင်ပြသမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)