“Website မှတစ်ဆင့် Digital Smart မီတာလျှောက်ထားမှု စောင်ရေတစ်သောင်းခန့်ရှိပြီး အချက်အလက်ပြည့်စုံသူ များကို တပ်ဆင်ပေးလျက်ရှိရာ အလုံးရေ တစ်ထောင်ကျော်တပ်ဆင်ပြီးစီး”
30 Aug
Digital Smart မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားခွင့်ပြုခဲ့ရာ သြဂုတ် ၁၅ ရက်မှ ၂၈ ရက်အထိ လျှောက်ထားသည့်စောင်ရေ ၉,၆၈၆ စောင်ရှိခဲ့ရာ သတ်မှတ်အချက်အလက် အထောက်အထားများ ကိုက်ညီပြည့်စုံမှုမရှိ၍ လျှောက်လွှာ ၂,၄၈၂ စောင်ကို လျှောက်ထားသူများထံ ပြန်လည်ပေးပို့ခဲ့ပြီး ပြည့်စုံမှုရှိသည့် လျှောက်ထားမှု ၇,၂၀၄ စောင်အနက် ၁,၃၃၁ လုံးကို တပ်ဆင်ပြီးစီးခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ Digital Smart Meter အသစ်များကို အမြန်ဆုံးတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းနှင့် Website မှတစ်ဆင့် လျှောက်ထားမှုစနစ်အရ ဝန်ဆောင်မှုကို လျင်မြန်စွာပေးနိုင်သဖြင့် လျှောက်ထားပြီး ၂၇ နာရီအတွင်း ပထမဦးဆုံးမီတာကို စတင်တပ်ဆင်ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ Digital Smart မီတာအသစ်များ လျှောက်ထားရာ၌ အခက်အခဲဖြစ်ပေါ်နေပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ရုံးချုပ်)ဖုန်း ၀၆၇-၃၄၁၀၄၆၀၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(YESC) ဖုန်း ၁၇၁၇၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC) ဖုန်း ၁၆၁၆၊ ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈(Hot Line)၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များ ဖုန်း ၀၆၇-၃၄၁၀၄၀၇၊ ၀၉-၆၈၂၂၃၂၆၀၀၊ ၀၉-၆၆၅၄၃၂၅၇၅ တို့သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။(NVS 008)