“ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ရေတိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေး”

30 Aug

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ရေတိုက်စားမှုတားဆီး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။ တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လာမည့်နှစ်များအတွင်း ယခုကဲ့သို့ တာပေါင်များ ရေတိုက်စားမှုဖြစ်စဉ်များနှင့် ရေကြီးရေလျှံမှုဖြစ်စဉ်များ လျော့ကျစေရေးအတွက် မြစ်ကြောင်းများတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြစ်များ၊ မြစ်လက်တက်များ၊ ချောင်းများ အားလုံး၏ ရေစီးရေလာမှုနှင့် ရေဝင်ရေထွက်မှုများ၊ မြစ်ကြမ်းခင်း Bed level များအား စဉ်ဆက်မပြတ် သုတေသနပြု မှတ်တမ်းတင်ခြင်း၊ ဆန်းစစ်လေ့လာခြင်း၊ လိုအပ်သည့် ရေကြောင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် နုန်းဆယ်ခြင်းလုပ်ငန်း များ ဆောင်ရွက်ခြင်းတို့ကို ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ဖြစ်ပွားမှုများကို ကြိုတင်တားဆီး ကာကွယ်လျှော့ချနိုင်ခြင်းများ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြစ်ချောင်းများ၏ ရေစီးရေလာ အခြေအနေများအား အမြဲမပြတ် လေ့လာဆန်းစစ်သုံးသပ်ပြီး လိုအပ်သည့် မြစ်ကြောင်းပြုပြုထိန်းသိမ်းခြင်း လုပ်ငန်းများကို နှစ်စဉ်စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)

30 Aug

ADVERTISE HERE .