“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံသို့ တရုတ်နှင့် ရုရှားသမ္မတတို့ တက်ရောက်မည်”
30 Aug
ဗဟိုအာရှဒေသ ကာဂျစ်စတန်နိုင်ငံ၌ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အက်စ်စီအို) ထိပ်သီး ညီလာခံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ရုရှားသမ္မတ ပူတင် တို့ တက်ရောက်မည်ဖြစ်ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ထို့ပြင် အက်စ်စီအိုထိပ်သီးညီလာခံသည် ကာဂျစ်စတန်နိုင်ငံ ဘစ်ရှက်ခ်မြို့၌ ဩဂုတ်လ ၃၁ ရက်မှစ၍ နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး အီရန်နှင့် အိန္ဒိယခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။ အက်စ်စီအိုအဖွဲ့ကို ၂၀၀၁ ခုနှစ် ဇွန်လ ၁၅ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းတည်ထောင်မှု ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ကျင်းပမည့် အဆိုပါညီလာခံသို့ အက်စ်စီအိုအဖွဲ့ဝင်နိုင်ငံ တစ်ဒါဇင်ခန့်မှ နိုင်ငံအကြီးအကဲများ တက်ရောက်ကြမည်ဖြစ်သည်။ အက်စ်စီအိုအဖွဲ့ကို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ ဗဟိုအာရှနိုင်ငံ လေးနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ တို့ဖြင့် ဖွဲ့စည်းထားသည်။ အက်စ်စီအိုဖွဲ့စည်းတည်ထောင်မှု ၂၅ နှစ်ပြည့် ထိပ်သီးညီလာခံကာလအတွင်း ရုရှားသမ္မတ ပူတင် အနေဖြင့် အီရန်သမ္မတ ပီဇက်ရှ်ကီအန်၊ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့နှင့် သီးခြားတွေ့ဆုံဆွေးနွေးရန် စီစဉ် ထားကြောင်းသိရသည်။