“PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် အမျိုးသား ၁၃၁ ဦး၊ အမျိုးသမီး ၉ ဦးတို့ လက်နက်၊ ခဲယမ်းများ နှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်”

29 Aug

နိုင်ငံတော်အစိုးရ၏ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်မှုများကြောင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၃၁ ဦး၊ အမျိုးသမီး ၉ ၊ စုစုပေါင်း ၁၄၀ ဦး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်နှံခြင်းကို ဩဂုတ်လ ၂၈ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ နှင့် တာဝန်ရှိ သူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများထံမှ ပါရှိလာသည့် ပစ္စတို သေနတ်တစ်လက်၊ MA-1 သေနတ်တစ်လက်၊ MA-3 သေနတ်နှစ်လက်၊ MA-11 သေနတ်တစ်လက်၊ ကေအေသေနတ် တစ်လက်၊ လက်လုပ်သေနတ် တစ်လက်၊ ကျည်အိမ် ခုနစ်ခု၊ လက်ပစ်ဗုံးမျိုးစုံ ၁၀ လုံး တို့ကို တိုင်းမှူးက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်ခဲယမ်းများ အပ်နှံခဲ့မှုနှင့် ဆုကြေးအဖြစ် စုစုပေါင်းငွေကျပ် ၃၉၇ သိန်း ၅ သောင်းနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ထို့အတူ ကလေးမြို့ရှိ အောင်ဆန်းခန်းမ၌ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများမှ ပစ္စတိုသေနတ် တစ်လက်၊ MA-1 သေနတ်နှစ်လက်၊ MA-3 သေနတ်နှစ်လက်၊ MA-11 သေနတ်တစ်လက်၊ M-22 သေနတ် တစ်လက်၊ Type-81 သေနတ် ၁၁ လက်၊ AK-47 သေနတ် တစ်လက်၊ ကာဘိုင် သေနတ်တစ်လက်၊ ရိုင်ဖယ်သေနတ် တစ်လက်၊ စုစုပေါင်း ၂၁ လက်၊ ကျည်အိမ် ၃၀၊ ကျည်မျိုးစုံ ၆၇၉ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ခြောက်လုံး၊ စကားပြောစက် သုံးလုံးတို့ကို လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး ဆုကြေးငွေအဖြစ် လက်နက်ခဲယမ်းများ အတွက် ငွေကျပ် သိန်း ၁,၀၂၄ သိန်း၊ ဆုကြေးငွေအဖြစ် ငွေကျပ် ၂၂ သိန်း ၅ သောင်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သိရပါတယ်။(NVS 008)

29 Aug

ADVERTISE HERE .