“ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင် ပခုံးအရိုးအက်ဒဏ်ရာကြောင့် တစ်လခန့်အနားယူရဖွယ်ရှိ”
28 Aug
စပါးအသင်း ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင် အနေနဲ့ ပခုံးအရိုးအက်ဒဏ်ရာကြောင့် တစ်လခန့် အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။ ဂျိမ်းစ်မက်ဒီဆင် ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းက ဘရန့်ဖို့ဒ်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းက စပါးအသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂျိမ်းစ်မက်ဒီဆင် က စပါးအသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ ၂၀၂၅-၂ဝ၂၆ ဘောလုံးရာသီ အထိ ပြိုင်ပွဲစုံ ၇၈ ပွဲကစားပြီး ၁၆ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)
28 Aug