“ကွင်းလယ်ကစားသမား ဘာလယ်ဘာ မန်ယူအသင်းနှင့် ဆေးစစ်မှုအောင်မြင်”

28 Aug

ဘရိုက်တန်အသင်းက ပြောင်းရွှေ့လာသည့် ကင်မရွန်းလက်ရွေးစင် ကွင်းလယ်ကစားသမား ဘာလယ်ဘာ အနေနဲ့ မန်ယူအသင်းနှင့်ဆေးစစ်မှု အောင်မြင်ခဲ့ကြောင်းသိရပါတယ်။ မန်ယူအသင်းက ဘာလယ်ဘာ နဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ မန်ယူအသင်းက ဘာလယ်ဘာ အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၆၅ သန်းနှင့် အပိုဆုကြေးပေါင်ငါးသန်း ပေးချေခဲ့ရပါတယ်။ ဘာလယ်ဘာ အနေနဲ့ မန်ယူအသင်းတွင် ကျောနံပါတ် ၂၀ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ယခုနွေရာသီမှာ ကွင်းလယ်ပိုင်းကို အဓိကအားဖြည့်ပြင်ဆင်နေပြီး ဘာလယ်ဘာ မတိုင်မီ ချဲလ်ဆီးအသင်းက အန်ဒရေဆန်းတို့စ် နှင့် အက်စတွန်ဗီလာအသင်းက တိုင်လီမန်းစ် တို့ကိုလည်း နှစ်ဦးပေါင်း ပေါင် ၈၅ သန်းဖြင့် ခေါ်ယူထားခဲ့ပါတယ်။(NVS 008)

28 Aug

ADVERTISE HERE .