“အက်စတွန်ဗီလာအသင်းက နီကိုလက်စ်ဂျက်ဆင် ကို ကမ်းလှမ်းထား”

28 Aug

အက်စတွန်ဗီလာအသင်းက ချဲလ်ဆီးအသင်းတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင် ကို ပေါင်သန်း ၆ဝ ဖြင့် ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက နီကိုလက်စ်ဂျက်ဆင် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၆၅ သန်း သတ်မှတ်ထား သော်လည်း အက်စတွန်ဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ နီကိုလက်စ် ဂျက်ဆင် ကို ၂၀၂၃ နွေရာသီတွင် ဗီလာရီးရဲလ်အသင်းမှ ပေါင် ၃၂ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၃၃ ခုနှစ်အထိ ဖြစ်ပါတယ်။ နီကိုလက်စ်ဂျက်ဆင် ဟာ ချယ်လ်ဆီးအသင်းတွင် ၈၁ ပွဲကစားကာ ဂိုး ၃၀ သွင်းယူထားပြီး ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းထံသို့ အငှားချခံခဲ့ရပါတယ်။ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီ က ဗီလာရီးရဲလ်အသင်း တွင် လက်တွဲခဲ့ဖူးသည့် နီကိုလက်စ်ဂျက်ဆင် နှင့် ပြန်လည်လက်တွဲရန် ရည်ရွယ်နေခြင်းလည်းဖြစ်ပါတယ်။ နီကိုလက်စ်ဂျက်ဆင် ကို အငှားဖြင့်ခေါ်ယူရန် အက်သလက်တီကိုအသင်းရဲ့ ကမ်းလှမ်းမှုကို ချဲလ်ဆီး အသင်းက ငြင်းပယ်ခဲ့ပြီး အပြီးသတ်ရောင်းချရန်သာ ဆုံးဖြတ်ထားကြောင်းသိရပါတယ်။(NVS 008)

28 Aug

ADVERTISE HERE .