“ပရီးမီးယားလိဂ်ပွဲစဉ်(၁) အကောင်းဆုံးကစားသမားအဖြစ် ကိုးလ်ပါလ်မာ ရွေးချယ်ခြင်းခံရ”

28 Aug

၂၀၂၆-၂ဝ၂၇ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၁)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ချဲလ်ဆီးအသင်း ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ က ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ အနေနဲ့ ချဲလ်ဆီးအသင်းက ဖူလ်ဟမ်အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် အခုလို ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ ကိုးလ်ပါလ်မာ ဟာ ချဲလ်ဆီးအသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၃၂ ပွဲကစားပြီး ၅၅ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)

28 Aug

ADVERTISE HERE .