ကုန်ဈေးနှုန်းသတင်း ၂၈.၈.၂၀၂၆

28 Aug

ဩဂုတ်လ ၂၈ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အခြားပဲအများစုနဲ့ ထန်းလျက်၊ သကြားဈေး တွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၅,၉၀၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၅,၂၃၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅၄၉၀ ကျပ်ကနေ ၅,၅၂၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၃၇၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၃,၄၈၅ ကျပ်ကနေ ၅,၈၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၂,၆၉၅ ကျပ်ကနေ ၁၅,၀၄၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၆၉၅ ကျပ်ကနေ ၁၄,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၈၀ ကျပ်ကနေ ၁,၈၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၅၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ် (ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၈,၃၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၄,၇၀၀ ကျပ်ကနေ ၆,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၆,၃၀၀ ကျပ်ကနေ ၉,၃၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၂၇၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၅,၀၀၀ ကျပ်ကနေ ၉၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၇၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၃၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၇၁၀ ကျပ်၊ မန္တလေးမှာ ၃,၈၆၅ ကျပ်၊ နေပြည်တော်မှာ ၃,၈၁၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၈၁၅ ကျပ်၊ မန္တလေး မှာ ၃,၉၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၉၂၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၂၄၀ ကျပ်၊ မန္တလေးမှာ ၄,၃၈၅ ကျပ်၊ နေပြည်တော်မှာ ၄,၃၄၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၁၄၀ ကျပ်၊ မန္တလေးမှာ ၅,၂၉၅ ကျပ်၊ နေပြည်တော်မှာ ၅,၂၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ် (၇,၁၅၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်း ငါးသောင်းကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၄၅၀,၀၀၀ိ/-) သိန်းတစ်ရာ လေးသိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

28 Aug

ADVERTISE HERE .