“ရီးရဲလ်အသင်းနဲ့အတူ ၆ ကြိမ်မြောက်ဟက်ထရစ်ကို ရယူခဲ့တဲ့ အမ်ဘာပေ”

28 Aug

လာလီဂါပွဲစဉ်(၁)အဖြစ် ရီးရဲလ်အသင်းနှင့် ဆိုစီဒက်အသင်း တို့ပွဲစဉ်မှာ အိမ်ရှင်ရီးရဲလ်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ရီးရဲလ်ကြယ်ပွင့်တိုက်စစ်ကစားသမား အမ်ဘာပေ က ဟက်ထရစ်သွင်းယူခဲ့ပြီး အမ်ဘာပေ အနေနဲ့ ပရိုကစားသမားဘဝတစ်လျှောက် ပြိုင်ပွဲစုံမှာ ရီးရဲလ်အသင်းအတွက် ၆ ကြိမ်မြောက် ဟက်ထရစ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄-၂၅ ရာသီကနေ စတင်ရေတွက်ပါက လာလီဂါမှာကစားနေတဲ့ ကစားသမားတွေထဲမှာ ပြိုင်ပွဲစုံ ဟက်ထရစ် အများဆုံးရယူနိုင်ခြင်းဖြစ်ပြီး အမ်ဘာပေ နောက်မှာတော့ ရာဖင်ညာ နဲ့ ဆာလော့သ် တို့က ၃ ကြိမ်စီ သွင်းယူထားပါတယ်။ အမ်ဘာပေ ဟာ ၂၀၂၆-၂၇ ရာသီ လာလီဂါပြိုင်ပွဲမှာ ပထမဆုံးဟက်ထရစ်သွင်းယူသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)

28 Aug

ADVERTISE HERE .