“ဘာကိုလာ ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်တဲ့ လီဗာပူးလ်အသင်း”
28 Aug
ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ်အသင်းဟာ PSG အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ဘာကိုလာ ကိုခေါ်ယူရန် သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ နာမည်ကျော်ဘောလုံးသတင်းတင်ဆက်သူ ဖာဘရီဇီယိုရိုမာနို ရဲ့ ဖော်ပြချက်အရ အပိုဆုကြေးအပါအဝင် လီဗာပူးလ်အသင်းအနေနဲ့ ဘာကိုလာ အတွက် ယူရိုသန်း ၁၄၀ ဝန်းကျင် အသုံးပြုရဖွယ်ရှိကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဘာကိုလာ ကို မကြာမီမှာ အပြီးသတ်ခေါ်ယူနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)
28 Aug