“မန်စီးတီးအသင်း တိုက်စစ်ကစားသမား အိုမာမာမွတ် ကို အငှားနဲ့ခေါ်ယူခဲ့တဲ့ စပါးအသင်း”
28 Aug
လန်ဒန်မြို့ခံကလပ် စပါးအသင်း ဟာ မန်စီးတီးအသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား အိုမာမာမွတ် ကို အငှားနဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ မာမွတ် ကို အငှားနဲ့ခေါ်ယူခဲ့ပေမယ့် ရာသီကုန်မှာ ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာမွတ် ဟာ စပါးအသင်းမှာ ကျောနံပါတ် ၂၂ ကို ဝတ်ဆင်သွားမှာဖြစ်ပြီး စပါးအသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။ အခုအပြောင်းအရွှေ့ကာလမှာ မာမွတ် အနေနဲ့ စပါးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒုတိယမြောက် မန်စီးတီး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ နည်းပြ ဒီဇယ်ဘီ ဟာ အခုရာသီမှာ ကစားသမား ၈ ဦး အထိအားဖြည့်ထားပြီး အပြောင်းအရွှေ့အသုံးစရိတ်အနေနဲ့ စုစုပေါင်း ယူရို သန်း ၂၅၀ ဝန်းကျင်အသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
28 Aug