“အယ်လ်ဗာရက်ဇ် ကို ဘာစီလိုနာအသင်းဆီ လုံးဝရောင်းထုတ်မှာမဟုတ်”

28 Aug

အက်သလက်တီကိုအသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဂီးလ်မာရင် က တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို ရောင်းချဖို့ လုပ်ဆောင်သွားမှာဖြစ်ပေမဲ့ ဘာစီလိုနာအသင်းထဲသို့ လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် က အက်သလက်တီကိုအသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်ချုပ် ဆိုထားပေမယ့် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။ ဘာစီလိုနာအသင်းက ယူရိုသန်း ၁၀၀ နဲ့ စတင်ကမ်းလှမ်းခဲ့ပြီး ငြင်းပယ်ခံခဲ့ရပေမဲ့ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်။ ဂီးလ်မာရင် ကတော့ အယ်လ်ဗာရက်ဇ် အသင်းက ထွက်ခွာချင်ရင် ရောင်းချဖို့လုပ်ဆောင်သွားမှာဖြစ်ပေမယ့် ဘာစီလိုနာ အသင်းဆီ လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း ထပ်မံအတည်ပြုခဲ့ပါတယ်။ (NVS 008)

28 Aug

ADVERTISE HERE .