“ဂိုးသမား မာတီနက်ဇ် ကို ပေါင် ၇ ဒသမ ၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ချဲလ်ဆီးအသင်း”

28 Aug

ချဲလ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းမှ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ် ကို ပေါင် ၇ ဒသမ ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက မာတီနက်ဇ် ကို ၂ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်း တိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ဖူလ်ဟမ်နဲ့ပွဲမှာ အမှားများခဲ့တဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ် ကို စိန်ခေါ်နိုင်မယ့်ဂိုးသမား ခေါ်ယူအားဖြည့်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် မာတီနက်ဇ်ကို ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မာတီနက်ဇ် က အက်စတွန်ဗီလာအသင်းရဲ့ နံပါတ် ၁ ဂိုးသမားအဖြစ် လက်စွမ်းပြနေပေမယ့် အသင်းပြောင်း ရွှေ့ဖို့ ဆန္ဒရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပါသေးတယ်။ (NVS 008)

28 Aug

ADVERTISE HERE .