“ပထမလေးလတာကာလအတွင်း မြန်မာ့ပုစွန်တန်ချိန် ၃,၀၀၀ နီးပါး တင်ပို့မှုမှ ဒေါ်လာ ၉ သန်းကျော်ရရှိ”

28 Aug

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမလေးလတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၃,၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉ သန်းကျော် ရရှိခဲ့ကြောင်း သိရပါတယ်။ ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ပုစွန်မက်ထရစ်တန် ၂,၉၅၆ ဒသမ ၆၃၆ တန်တင်ပို့ခဲ့ရာမှ အမေရိကန် ဒေါ်လာ ၉ ဒသမ ၃၄၄ သန်း ရရှိခဲ့ပါတယ်။ ပုစွန်တင်ပို့မှုများအနက် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထရစ်တန် ၂,၈၂၀ ဒသမ ၃၀၁ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၈၈ သန်းရရှိခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ မက်ထရစ်တန် ၁၃၆ ဒသမ ၃၃၅ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၅၆ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ ပုစွန်နှင့်ငါးအပါအဝင် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မှတစ်ဆင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှလည်း တင်ပို့လျက်ရှိပါတယ်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမလေးလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်စုစုပေါင်း မက်ထရစ်တန် ၉၉,၀၇၉ ဒသမ ၂၃ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၂ ဒသမ ၈၀၅ သန်း ရရှိထားကြောင်း သိရပါတယ်။ (NVS 008)

28 Aug

ADVERTISE HERE .