“ဗန်းမော်မှ ရန်ကုန်သို့ နေရပ်စွန့်ခွာလာသူများ ထောက်ပံ့ငွေ လျှောက်ထားနိုင်”

28 Aug

ဗန်းမော်အသင်း(ရန်ကုန်)၏ ထောက်ပံ့ငွေတစ်ကြိမ်မျှ မရရှိသေးတဲ့ ဗန်းမော်ခရိုင်မှယာယီနေရပ်စွန့်ခွာ ပြည်သူများကို စတုတ္ထအသုတ်အဖြစ် ထောက်ပံ့ပေးနိုင်ရေးအတွက် လျှောက်ထားနိုင်ကြောင်း ဩဂုတ်လ ၂၆ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထောက်ပံ့ကြေးတစ်ကြိမ်မျှ မရရှိသေးသူများအနေနဲ့ သတ်မှတ်ထားတဲ့ အချက်အလက်များနှင့်အတူ လာရောက်လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။ တတိယအကြိမ် ထောက်ပံ့ မှုမှာ အမည်စာရင်းပါဝင်ခဲ့သော်လည်း ထောက်ပံ့ကြေးရယူရန် ကျန်ရှိခဲ့သူများလည်း ပြန်လည်လျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဗန်းမော်အသင်း(ရန်ကုန်)က ဖော်ပြထားပါတယ်။ အဆိုပါလျှောက်လွှာများကို ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရား တောင်ဘက်မုခ် မီးပွိုင့်အနီးရှိ ကျောက်စိမ်းတွင်းဓမ္မာရုံ၌ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

28 Aug

ADVERTISE HERE .