“ဘီလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့”

28 Aug

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ဘီလင်းမြစ်ရေမြင့်တက်ကာ ကန်သာယာရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရပါတယ်။ ဩဂုတ်လ ၂၆ ရက်ညနေ ၅ နာရီခွဲခန့်မှစ၍ ဘီလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျ ရေများစီးဆင်းလာခြင်းကြောင့် ဘီလင်းမြစ်ရေမြင့်တက်လာကာ ကန်သာယာရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင် ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ရေဝင်ရောက်မှုကြောင့် ဘီလင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများကို ကန်သာယာရပ်ကွက်ရှိ အားကစား ခန်းမသို့ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ပါတယ်။ လက်ရှိမှာ မိုးရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုအခြေအနေ များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဆက်လက်စောင့်ကြည့်လျက်ရှိပြီး လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

28 Aug

ADVERTISE HERE .