သတင်းလွှာ Daily News Bulletin သြဂုတ် ၂၈ ရက်၊ သောကြာနေ့ မနက်
28 Aug
နိုင်ငံတကာထူးခြားသတင်း နီပေါ - တိဗက် နယ်စပ် ဟိမ၀န္တာဒေသ Bhote Koshi မြစ် သတင်း: တောင်ပြိုကျရေလမ်းပိတ်ပြီး ဆည်တစ်ခုလို ဖြစ်သွားရာမှ ရေများပွင့်ကျ ရေလွှမ်း၍ ၂၇၀ သေ၊ ၁၅ဝဝ ကျော် ပျောက်ဆုံးလျက်ရှိသည်။ ပျောက်ဆုံးသူများထဲတွင် နိုင်ငံစုံမှ ခရီးသွား ၇၀ဝ ကျော် ပါဝင်သည်။ မေတာ (Meta) ကုမ္ပဏီ တရားစွဲဆိုခံရမှု: ဖေ့ဘုတ်၏ မိခင်ကုမ္ပဏီ မာတာ က ကလေးသူငယ်များကို အွန်လိုင်းစွဲလန်း အောင်လုပ်သည်ဆိုကာ တရားစွဲထားမှုတွင် ဒေါ်လာ ၁၇.၁ ဘီလျံ လျှော်ကြေးပေးရန် သဘောတူလိုက်သည်။ ဘန်းကောက်တွင် မြန်မာပွဲစား ဖမ်းဆီးခံရမှု: မြန်မာလူငယ် ၂၉ ဦးအား ၁ ယောက်လျှင် သိန်း ၂၉၀ စီယူပြီး ဂျပန်ပို့မည်ဆိုကာ ဘန်ကောက်တွင် ၁ လကျော်ကြာ ခေါ်ထားသူ မြန်မာပွဲစားအား ထိုင်းရဲမှ ဖမ်းဆီးလိုက်သည်။ ပြည်တွင်းထူးခြားသတင်း ပလက်ဝဒေသ လေကြောင်းတိုက်ခိုက်မှု: ပလက်ဝဒေသ မီးဇာ၊ ရွှေလိုက်ဝ၊ စိမ့်ညှင်းဝရှိ AA နှင့် မရာချင်းသူပုန် MDF စခန်းများအား လေယာဉ် ၇ စင်းဖြင့် ၃ ရက်ဆက်တိုက် ဗုံးကြဲခဲ့သည်။ ကလေး - ဂန့်ဂေါကြား တိုက်ပွဲဖြစ်စဉ်: ကလေး - ဂန့်ဂေါကြား နတ်ချောင်းသို့ တပ်မရှိဟုထင်ပြီး ဝင်လာသူ ချင်းသူပုန် ခေါင်းဆောင် ၄ ဦးနှင့် ငယ်သား ၁၀ ဦးအား တပ်မှ အသေရရှိခဲ့သည်။ တွီတွင်းရွာစခန်း တိုက်ခိုက်ခံရမှု: ZRA ချင်းသူပုန်အဖွဲ့မှ ခွဲထွက်သွားသော ZNA ၏ တီးတိန်မြို့နယ် တွီတွင်းရွာ စခန်းအား ZRA က တိုက်ခိုက်သိမ်းယူကာ မီးရှို့ခဲ့သည်။ ဆင်ဖြူရှင်တံတားထိပ် ပစ်ခတ်မှု: ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတားထိပ် လုံခြုံရေးအား ဈေးဝယ်ပေးမည်ဆိုပြီး PDF မှ အနီးကပ် လာရောက်ပစ်ခတ်ခဲ့သဖြင့် ရဲဘော် ၂ ယောက် ကျဆုံးပြီး လက်နက် ၂ လက် ပါသွားခဲ့သည်။ ပြည်ပငွေလွှဲမှု ဆိုင်းငံ့ခြင်း: K-PAY ၊ WAVE-PAY ၊ CB-PAY I AYA-PAY များဖြင့် ပြည်ပမှ ငွေလွှဲမှုများကို ဆိုင်းငံ့လိုက်သည်။ ရန်ကုန် - မန္တလေး အမြန်လမ်း ယာဉ်မတော်တဆမှု: ရန် - မန်း အမြန်လမ်း မိုင်တိုင် ၂၆၇/၅ - ၆ ကြားတွင် RLG နီဆန်း အိပ်ထရေး ကားမှောက်ရာ ကျောက်ပန်းတောင်း ရွာတန်းရှည်ရွာမှ ဦးသေဘိတ (၅၀ နှစ်) အပါအဝင် ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ဆာကူရာ ရဆီးဒင့် ဖြစ်စဉ် updates: ဆာကူရာ ရဆီးဒင့်၌ အမေရိကန် သံ ၁ ဦး သေဆုံးမှု သံသယ တရားခံ ထိုင်းအမျိုးသမီးအား လဝက ပုဒ်မဖြင့် ထောင် ၁ နှစ် ချမှတ်ခဲ့ပြီး၊ လူသတ်မှုအတွက် ဆက်လက် စစ်ဆေးလျက်ရှိ သည်။ တောင်ပြုံးနတ်ပွဲ ဖြစ်စဉ်: တောင်ပြုံးနတ်ပွဲ အဝင်တွင် ကား ၁ စီး လျှင် ၁၀၀၀၀ ကျပ်၊ ဆိုင်ကယ် ၁ စီး လျှင် ၅၀၀၀ ကျပ် ပြည်သူ့စစ်ကို ပေးရသော်လည်း ဆွဲကြိုးလုမှုမှာ ၎င်းတို့နှင့် မဆိုင်ဟု ပြောကြောင်း နတ်ကတော်တစ်ဦးက ပြောကြားသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် နိုင်ငံတော်သမ္မတ ခရီးစဉ်: သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားသို့ အလည်အပတ် သွားရောက်မည်ဖြစ်ပြီး ထို့နောက် ဖိတ်ကြားချက်အရ ဗီယက်နမ်သို့ပါ သွားရောက်ရန် ရှိသည်။ သတင်းရင်းမြစ် - USDP ပြည်ထောင်စုနယ်မြေ Bulletin