“ချဲလ်ဆီးအသင်းတိုက်စစ်မှူး ဒီလပ် ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ နော်တင်ဟမ်အသင်း”
27 Aug
နော်တင်ဟမ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဒီလပ် ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ နော်တင်ဟမ်အသင်းက ဒီလပ် အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ အပိုဆုကြေး ပေါင် ၅ သန်း ပေးချေရမှာဖြစ်ကြောင်း ESPN က ဖော်ပြခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုရတဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ဒီလပ် ကို ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အစ်ဝစ်ချ်အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ၆ နှစ်စာချုပ် ချုပ်ဆိုထားပေမယ့် တစ်နှစ်အကြာမှာ ပြန်လည်ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ နော်တင်ဟမ်အသင်းက ဒီလပ် ကို တိုက်စစ်ပိုင်းအတွက် ပထမဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ နော်တင်ဟမ်အသင်းက ဒီလပ် ကို ဆေးစစ်မှုပြုလုပ်ဖို့ စီစဉ်ထားပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အမီ စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ နော်တင်ဟမ်အသင်းက လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာ လီဗာပူးလ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)