“ဘူအာဒီ ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့တဲ့ မန်စီးတီးအသင်း”
27 Aug
မန်စီးတီးအသင်းက လိုင်လီအသင်းရဲ့ မော်ရိုကိုကွင်းလယ်ကစားသမား ဘူအာဒီ ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ မန်စီးတီးအသင်းက ဆယ်ကျော်သက်ကစားသမား ဘူအာဒီ ကို ပေါင် ၈၆ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဘူအာဒီ က ပရီးမီးယားလိဂ်သမိုင်းမှာ ပြောင်းရွှေ့ကြေးတန်ဖိုးအများဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။ ယခင်က စံချိန်တင်ထားသူက ၂၀၂၄ ခုနှစ်မှာ လိုင်လီကနေ မန်ယူအသင်းသို့ ပေါင် ၅၈ ဒသမ ၉ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ပြင်သစ်နောက်ခံလူ ယိုဟို ဖြစ်ကြောင်း သိရပါတယ်။ ဘူအာဒီက လိုင်လီအသင်းမှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃၂ ကိုပဲ မန်စီးတီးအသင်းမှာ ဝတ်ဆင်ကစားဖို့ ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)
27 Aug