“ဘာကိုလာအတွက် လီဗာပူးလ်နဲ့ PSG တို့ရဲ့ ဆွေးနွေးမှု တိုးတက်မှုရှိနေ”

27 Aug

ပြင်သစ်တိုက်စစ်ကစားသမား ဘာကိုလာ အတွက် လီဗာပူးလ်အသင်းနဲ့ PSG တို့ရဲ့ ဆွေးနွေးမှုက ပြီးပြတ်ခြင်းမရှိသေးပေမယ့် တိုးတက်မှုရှိနေကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက ဝါရင့်တိုက်စစ်ကစားသမား ဆာလာ ရဲ့နေရာ အစားထိုးဖို့အတွက် ဘာကိုလာ ကို ပစ်မှတ်ထားကြိုးပမ်းနေခြင်းဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပါတယ်။ လီဗာပူးလ်အသင်းက ဘာကိုလာ ကို ပေါင်သန်း ၉၀ ဝန်းကျင်နဲ့ စတင်ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရပြီး နောက်ထပ်ကမ်းလှမ်းမှု ပြုလုပ်ဖို့ အတွက် ဆွေးနွေးညှိနှိုင်းနေတဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။ PSG အသင်းက ဘာကိုလာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၄၅ သန်းဝန်းကျင် ရရှိဖို့လိုလားနေပြီး လီဗာပူးလ်အသင်းက ပေါင်သန်း ၁၀၀ ထက်ပိုပြီး မပေးလိုတာကြောင့် ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကိုလာ က PSG အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့တာကြောင့် PSG အသင်းက ၎င်းတို့ရဲ့ တောင်းဆိုမှုကို လျှော့ချပေးဖွယ်ရှိကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ (NVS 008)

27 Aug

ADVERTISE HERE .