“လိဂ်ဖလား တတိယအဆင့်မှာ လီဗာပူးလ်အသင်းနဲ့ စပါးအသင်းတို့ တွေ့ဆုံနေ”

27 Aug

လိဂ်ဖလား(Carabao Cup)ပြိုင်ပွဲ တတိယအဆင့်မှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ စပါးအသင်းတို့ ထိပ်တိုက်ဆုံတွေ့ခဲ့ပါတယ်။ အခြားပရီးမီးယားလိဂ်အသင်းအချင်းချင်း ထိပ်တိုက်တွေ့မှုအဖြစ် အစ်ဝစ်ချ်နဲ့ အာဆင်နယ်၊ မန်ယူနိုက်တက်နဲ့ ဘရိုက်တန်၊ ကိုဗင်ထရီနဲ့ အက်စတွန်ဗီလာ၊ ဆန်းဒါးလန်းနဲ့ ဟားလ်စီးတီးတို့ တွေ့ဆုံခဲ့ကြပါတယ်။ ချဲလ်ဆီးအသင်းက လူတန်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့ပါက လိဒ်စ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ လက်ရှိချန်ပီယံ မန်စီးတီးအသင်း ကတော့ လိဂ်ချန်ပီယံရှစ်ကလပ် နောဝစ်ချ်အသင်းနဲ့ အိမ်ကွင်းကစားရပါလိမ့်မယ်။ ပရီးမီးယားလိဂ်ကနေ ယခုရာသီ ဥရောပပြိုင်ပွဲဝင်ခွင့်ရ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ ဘုန်းမောက်၊ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူနဲ့ ဆန်းဒါးလန်းတို့က တတိယအဆင့်မှ စတင်ကစားရမှာ ဖြစ်ပါတယ်။ လိဂ်ဖလား တတိယအဆင့် ပွဲတွေကို စက်တင်ဘာလ ၈၊ ၉၊ ၁၅၊ ၁၆ ရက်တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ (NVS 008)

27 Aug

ADVERTISE HERE .