“၇ နှစ်နီးပါး ရပ်တန့်ခဲ့တဲ့ ကော့ကရိတ်-ရန်ကုန် အဆွေတော်အဝေးပြေးယာဉ်လိုင်း ပြန်လည်ပြေးဆွဲ”
27 Aug
ကရင်ပြည်နယ် ကော့ကရိတ်မှ ရန်ကုန်မြို့သို့ ၇ နှစ်နီးပါး ရပ်တန့်နေတဲ့ အဝေးပြေးယာဉ်လိုင်းပြေးဆွဲမှုကို ဩဂုတ်လ ၂၆ ရက်မှစတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ပါတယ်။ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးကာလမှာ ၇ နှစ်နီးပါးခန့် ကော့ကရိတ်-ရန်ကုန် အဝေးပြေးယာဉ်လိုင်း မပြေးဆွဲဘဲ ရပ်တန့်နေခဲ့ရာကနေ သြဂုတ်လ ၂၆ ရက်မှာ ကော့ကရိတ်-ရန်ကုန် အဆွေတော်ယာဉ်လိုင်းကိုပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အဆွေတော်ဝေးပြေးယာဉ်လိုင်းက ကော့ကရိတ်မြို့မှ ရန်ကုန်မြို့သို့ နံနက် ၇ နာရီ ၄၅ မိနစ်မှာ ကားများ စတင်ထွက်ခွာမည်ဖြစ်ပြီ စတင်ဖွင့်လှစ်သည့်နေ့မှစတင်၍ ၅ ရက်တာအတွင်း အခမဲ့လိုက်ပါ စီးနင်းခွင့်ပြုမည် ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)
27 Aug