“ပန်းတာရေဝင်ပေါက်မှု ရေစီးနှုန်းလျော့ကျလာ”

27 Aug

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာအောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူး‌ပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု‌ကြောင့် တာတမံနိမ့်ကျမှုအတွက် ပြင်ဆင်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်လျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လုံခြုံရေး အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Geo textile အိတ်ကြီးများ၊ Jumbo အိတ်များ၊ သဲအိတ်ပိုက်ကွန်များဖြင့် နေ့စဉ်ချထားလျက်ရှိ၍ သြဂုတ်လ ၂၆ ရက် မှာ ရေစီးနှုန်းလျော့ကျလာခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရေဘေးယာယီကယ်ဆယ်ရေးစခန်းများ၊ ရေဝင်ရောက်တဲ့ ကျေးရွာများသို့ စားရေရိက္ခာ၊ သောက်သုံး ရေများပို့ဆောင်ပေးခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အဖွဲ့အစည်းများ၊ အလှူရှင်များကို ရေ‌ဘေးရှောင်စခန်းများ၊ ရေဝင် ရောက်တဲ့ ကျေးရွာများနှင့် တာတမံနိမ့်ကျသည့်နေရာသို့ ပို့ဆောင်ပေးခြင်း၊ ဒေသခံများ ကျန်းမာရေးနှင့် လူမှုရေး ကိစ္စများဖြင့်သွားရောက်လိုပါက ကူညီပို့ဆောင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

27 Aug

ADVERTISE HERE .