“ရန်ကုန်မြို့မှာ လက်ရက်ကန်းနှင့် သဘာဝဆိုးဆေး အထည်များပြပွဲ ကျင်းပမည်”

27 Aug

သဘာဝဆိုးဆေးနှင့် လက်ရက်ကန်းအထည် ဖန်တီးမှုအဆင့်ဆင့်ကို လေ့လာနိုင်မည့် အထူးပြပွဲတစ်ခုကို ဩဂုတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ရှိ Yangon City Mall(St. John)မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲတွင် သဘာဝဆိုးဆေးပစ္စည်းများ၊ ကိုယ်တိုင်ဆိုးထားသည့် ချည်လိပ်များ၊ Eco-print ပိတ်စများနှင့် လက်ရက်ကန်းပိတ်စများအပြင် အသင့်ဝတ်ဆင်နိုင်သည့် Ready-to-wear အထည်များကိုပါ တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်မည် ဖြစ်ပါတယ်။ ဒါ့အပြင် ချည်ဆိုးခြင်း၊ အရောင်စမ်းသပ်ခြင်းမှစ၍ ရက်ကန်းခတ်ခြင်းနှင့် အထည်ချုပ်လုပ်ခြင်းအထိ လက်ရာ တစ်ခုစီ၏ နောက်ကွယ်မှ ဖန်တီးမှုအဆင့်ဆင့်ကို ပြည်သူများ လေ့လာနိုင်ရန် စီစဉ်ထားပြီး ရက်ကန်းခတ်နည်းဆိုင်ရာ နည်းပညာများကိုလည်း ဖန်တီးသူများနှင့် တိုက်ရိုက်တွေ့ဆုံ မေးမြန်းဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ပြပွဲမှာ ရောင်းချမည့်အထည်များကို ကိုယ်တိုင်ထုတ်လုပ်ထားခြင်းဖြစ်၍ ကြားပွဲစားမရှိဘဲ အရည်အသွေး ကောင်းမွန်သော အထည်များကို ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးသွားမည်ဖြစ်ကာ လက်ကားဝယ်ယူသူများအတွက် အရည်အသွေးအလိုက် လျှော့ဈေးများ စီစဉ်ပေးထားကြောင်း သိရပါတယ်။ (NVS 008)

27 Aug

ADVERTISE HERE .