“FX Trading မှာ ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက နိုင်ငံခြားငွေဝယ်ယူမှု အများဆုံးဖြစ်”

27 Aug

ဩဂုတ်လ ၂၆ ရက်ရဲ့ FX Online Trading Platform တွင် ကဏ္ဍအလိုက် နိုင်ငံခြားငွေဝယ်ယူမှုမှာ ကား/ ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍမှ ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရပါတယ်။ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၃,၆၅၈ ကျပ်၊ တရုတ်ယွမ် ၁ ယွမ်လျှင် ၅၅၇ ကျပ်၊ ထိုင်းဘတ် ၁ ဘတ်လျှင် ၁၂၅ ဒသမ ၃၀ ကျပ်နှင့် အိန္ဒိယရူပီး ၁ ရူပီးလျှင် ၄၃ ဒသမ ၆၀ ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ကဏ္ဍအလိုက် နိုင်ငံခြားငွေဝယ်ယူမှုမှာ ကား/ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍမှ ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ခဲ့ပြီး အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များမှ ၂၉ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့ပါ တယ်။ ဆေးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍမှ ၉ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၃ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာ ကဏ္ဍမှ ၃ ရာခိုင်နှုန်း၊ အီလက်ထရောနစ်ပစ္စည်းကဏ္ဍမှ ၃ ရာခိုင်နှုန်း၊ စက်သုံးဆီကဏ္ဍမှ ၂ ရာခိုင်နှုန်း၊ စားသုံး ကုန်စည်ကဏ္ဍမှ ၁ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းကဏ္ဍမှ ၁ ရာခိုင်နှုန်းနှင့် တိရစ္ဆာန်အစာနှင့်ပစ္စည်းများကဏ္ဍမှ ၁ ရာခိုင်နှုန်းတို့ဖြင့် နိုင်ငံခြားငွေများကို ဝယ်ယူ ရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် CMP ကဏ္ဍမှ ဝင်ရောက်ငွေများကို CMP ကဏ္ဍသို့ ပြန်လည်ရောင်းချ ပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

27 Aug

ADVERTISE HERE .