“ဒုတိယသမ္မတ ဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးတွေ့ဆုံ”
27 Aug
ဒုတိယသမ္မတ ဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan တို့ သြဂုတ်လ ၂၆ ရက်မွန်းလွဲပိုင်းကတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဉ်လွတ်လပ်ပြီးတရားမျှတတဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာ-ဆော်ဒီ အာရေဗျ နှစ်နိုင်ငံကြား ဆက်ဆံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအပြင် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီးဦးခင်လတ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံသံရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ (NVS 008)