“အမေရိကန်က တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ပြင်ဆင်နေ”

27 Aug

အမေရိကန်နိုင်ငံအနေဖြင့် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့်ပူးပေါင်းပြီး သုံးနိုင်ငံပူးတွဲစစ်ရေး လေ့ကျင့် ခန်း လုပ်ဆောင်ရန် ပြင်ဆင်နေတယ်လို့ အမေရိကန်ပစိဖိတ်ဒေသစစ်ဌာနချုပ်က ဩဂုတ်လ ၂၆ ရက်မှာ ထုတ်ပြန် ထားသည်။ Freedom Edge လို့အမည်ရသည့် နှစ်စဉ်ပြုလုပ်နေကျစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး နယ်ပယ်စုံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်လာမယ်လို့ စစ်ဌာနချုပ်မှပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နှင့်တောင်ကိုရီးယားတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင် ခြင်းများကိုလျှော့ချဖို့ ညွှန်ကြားထားခြင်း ရှိသည်။ အဆိုပါညွှန်ကြားချက်အရ အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုကို လျှော့ချခဲ့သော်လည်း သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုကိုတော့ ပုံမှန်အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားရန် ပြင်ဆင်နေခြင်း ဖြစ် သည်။ ထိုလုပ်ဆောင်သွားမည့် သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ခန်းသည် အမေရိကန်၊ တောင်ကိုရီးယားနှင့်ဂျပန်တို့ ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း Yonhap သတင်းဌာနဖော်ပြချက် အရ သိရသည်။

27 Aug

ADVERTISE HERE .