“မြန်မာ- ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံကြား ပူပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး”
27 Aug
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung က သြဂုတ်လ ၂၆ ရက်မွန်းလွဲပိုင်းမှာ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ- ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံကြား ပူပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က နှစ်နိုင်ငံကြား ရှိရင်းစွဲချစ် ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများပိုမိုခိုင်မာလာစေရေးနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက် သွားနိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံအစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် စီးပွားရေးအရ နယ်ပယ်သစ်များတိုးချဲ့ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်း ဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတကာဆက်ဆံရေးများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် လျက်ရှိမှု၊ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေးတို့မှာ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့အနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ အပြန်အလှန်ထောက်ခံ သွားမည်ဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS-008)