ဩဂုတ် ၂၆ ဗုဒ္ဓဟူး မနက်ခင်းသတင်း

26 Aug

ပြည်တွင်းထူးခြားသတင်း • KIA တို့ဆုတ်ခွာထွက်ပြေးခဲ့ပြီး တပ်မတော်မှပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် ပြည်သူတို့ မိမိနေအိမ် ပြန်ခွင့်ရခဲ့သော ဖားကန့် မှော်ဝမ်းကြီးရွာ နေအိမ်ခြံဝင်းတစ်ခုအတွင်း KIA/PDF တို့သတ်ဖြတ်သွားသည့် ကြိုးတုပ်လျက် အလောင်း ၂၅ လောင်းရှာတွေ့ခဲ့သည်။ • ချောင်းဆုံမြို့နယ် ညောင်လန်းကျေးရွာနေ ဦးမောင်တင့် နှင့် ဒေါ်ရင်မေ (၇၆ နှစ်စီ)တို့အား သတ်ဖြတ်၍ နားကပ် ၁ စုံချွတ်ယူသွားသူ အရက်သမား သားမက်ဟောင်း အောင်အောင် (၄၀ နှစ်)ကို ချွတ်ယူလာသော နားကပ် ၁ ရံ နှင့်အတူ မော်လမြိုင်၌ဖမ်းမိသည်။ • ဆိပ်ဖြူ မြို့နယ် အင်ကြင်းပင်ကျေးရွာ ဘုန်းကြီးကျောင်းမှ ကိုရင်များ ဆွမ်းခံရင်း ကောက်တွေ့သော ၄၀ မမဗုံးသီးဟောင်း ကို ပစ်ပေါက်ဆော့ကစားရာမှ ပေါက်ကွဲပြီး ၂ ပါးပျံ ၊ ၅ ပါးဒဏ်ရာရသည်။ • ချမ်းအေးသာဇံတွင် ကျပ်ငွေ သိန်း ၉၅၉၃.၅ သိန်းဖိုး၊ ဗဟန်းတွင် ကျပ်သိန်း ၅၇၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိသည်။ • တပ်မတော်စစ်ဆေးတက္ကသိုလ်သို့ အိန္ဒိယနိုင်ငံမှ ဆေးဘက်ဆိုင်ရာသင်ထောက်ကူပစ္စည်းများနှင့် စက်ကရိယာများအား သံအမတ်ကြီး နှင့် စစ်သံမှူးတို့ မှ လာရောက်လှူဒါန်းသည်။ နိုင်ငံတကာထူးခြားသတင်း • အမေရိကန်သို့အလည်အပတ်ဖြင့်ရောက်ပြီးနောက် ဆက်နေသူ ၂ သိန်းအား ဗီဇာ ပိတ်မည်ဟု ပြောခွင့်ရသူ တိုနီပစ်ကော့ က ဆိုသည်။ • သမ္မတ ထရန့် မိသားစုပိုင် ကုမ္ပဏီသည် ကန်ဒေါ်လာအခြေခံ ဒီဂျစ်တယ် ဘဏ် ဖွင့်ခွင့် ရရှိသည်။ • နီဗာဒါးပြည်နယ်တောမီး ထိန်းချုပ်နိုင်သောအဆင့်သို့ ရောက်ပြီဟုဆိုသည်။ • အင်ဒိုနီးရှားတောမီး ရပ်တံ့သွားစေရန် မူဆလင်ဘာသာဝင် ၃၀၀၀ စုပေါင်း၍ မိုးခေါ် ဆုတောင်းပွဲ လုပ်သည်။ • စင်ကာပူအမျိုးသားနေ့မိန့်ခွန်းတွင် ဝန်ကြီးချုပ် လောရင့်ဟောင် က ကလေးမွေးသူတိုင်း မွေးကင်းစ မှ ၁၇ နှစ်အထိ စင်ကာပူဒေါ်လာ ၇၀၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂၄၀၀) ထောက်ပံ့မည့် အစီအစဉ်ကို ကြေညာသည်။ • ဟေတီ တွင် ရွေးကောက်ပွဲနီးလာချိန် မြို့တော်ဆင်ခြေဖုံး၌ လူမိုက်ဂိုဏ်းများတိုက်ခိုက်မှုကြောင့် ၄၃ ဦးသေသည်။ • နယူးဇီလန် တွင် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့်ပိတ်လိုက်ပြီး ဂျပန် တွင် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာသုံးသူ များကို စောင့်ကြည့်ရေး ဆော့ဝဲ စတင်အသုံးပြုသည်။ • ဆိုဗီယက်ပြည်ထောင်စု မှခွဲထွက်ခဲ့သော ၃၅ နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲကို ယူကရိန်းတွင်ပြုလုပ်ရာ လူမဲ့ သံချပ်ကာကားများ ၊ စက်ရုပ်စစ်သားများ ၊ အဝေးထိန်း ဒရုန်းယာဉ်များ ချီတက်ခဲ့သည်။ နေပြည်တော်ထူးခြားဖြစ်စဉ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ထူးခြားဖြစ်စဉ်မရှိ။ သတင်းရင်းမြစ် - USDP ပြည်ထောင်စုနယ်မြေ Bulletin

26 Aug

ADVERTISE HERE .