“Myanmar Business Trade Show & Travel Expo 2026 ပြပွဲ ကျင်းပမည်”
26 Aug
STP Event Management Team မှ စီစဉ်ပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးအခွင့်အလမ်းများကို ချိတ်ဆက် ပြသသွားမည့် Myanmar Business Trade Show & Travel Expo 2026 ပြပွဲကို စက်တင်ဘာလ ၄ ရက်မှ ၆ ရက်ထိ ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ သုံးရက်ကြာခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြပွဲတွင် နိုင်ငံတကာသံရုံးများနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ၊ ပြည်တွင်းစီးပွားရေးအသင်းအဖွဲ့များနှင့် MSME များ၊ Travel, Tourism & Healthcare ကဏ္ဍမှလုပ်ငန်းရှင်များ၊ Export, Import & Distribution ကုမ္ပဏီများ၊ Local & International Brand များ၊ ဖျော်ဖြေရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရှိ နိုင်ငံတကာသံရုံးပေါင်း ၄၀ ကျော်မှ ပါဝင်ပြသမှုများအပြင် ပြပွဲတစ်ခုတည်းမဟုတ်ဘဲ Business Networking ပါဝင်တဲ့ Exhibition Plus Business Networking ကို ပထမဦးဆုံးဖော်ဆောင်ပေးတဲ့ ပွဲလည်းဖြစ်ကြောင်း STP Event Management Teamမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းအောင် က ပြောကြားခဲ့ပါတယ်။ ပြပွဲတွင် B2B Networking & Business Matching အခွင့်အလမ်းအစီအစဉ်များ၊ Global & Local Connections ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအချင်းချင်း Intercation ပြုလုပ်ခြင်း၊ Entertainment & Cultural Showcase ဖျော်ဖြေရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအစီအစဉ်များအပြင် Exclusive VIP Networking အစီအစဉ်များ ပါဝင်မှာဖြစ်ပါတယ်။(NVS 008)