“အီရန်အပေါ် စီးပွားရေးအရေးယူပိတ်ဆို့မှု စည်းမျဉ်းသစ်များ အမေရိကန်အစိုးရကြေညာ”
26 Aug
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့် သည် ဩဂုတ်လ ၂၄ ရက်တွင် အီရန်နိုင်ငံအပေါ် ထပ်မံ ချမှတ်လိုက်သည့် အရေးယူပိတ်ဆို့မှု စည်းမျဉ်းသစ်များကို ကြေညာခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြ ထားသည်။ သို့ရာတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့် ကြေညာခဲ့သည့် အရေးယူပိတ်ဆို့မှု စည်းမျဉ်း သစ်များထဲတွင် အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုစည်းမျဉ်းများ ပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။ မိမိတို့ ကြေညာထားသည့် စီးပွားရေးအရေးယူပိတ်ဆို့မှု စည်းမျဉ်းသစ်များသည် အီရန်၏စီးပွားရေး အသက်သွေးကြော များကို ဖြတ်တောက်ရန်ရည်ရွယ်သည့် စည်းမျဉ်းများဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် က ပြောကြားထားသည်။ အဆိုပါ အရေးယူပိတ်ဆို့မှု စည်းမျဉ်းများအရ အီရန်နှင့် ကုန်သွယ်ရေးဆက်ဆံမှုများ ဆက်လက်ပြုလုပ် နေသည့် နိုင်ငံများအနေဖြင့် အမေရိကန်ဒေါ်လာကို အခြေပြုထားသော ဘဏ္ဍာရေးစနစ်မှ ဖယ်ထုတ်ခံရမည် ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက သတိပေးပြောကြားထားသည်။ အမေရိကန်နိုင်ငံက ထပ်မံပြုလုပ်ခဲ့သည့် အရေးယူပိတ်ဆို့မှုအသစ်များအတွက် လက်တုံ့ပြန်မည်ဟု အီရန် စီးပွားရေးဝန်ကြီး အလီမာဒန်နီဇာဒါ က ပြောကြားခဲ့ကြောင်း သိရသည်။