“ဘရစ်အုပ်စုထိပ်သီးညီလာခံ တက်ရောက်ရေးအတွက် အိန္ဒိယနိုင်ငံသို့ တရုတ်သမ္မတသွားရောက်ဖွယ်ရှိ”

26 Aug

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ လာမည့် စက်တင်ဘာလအတွင်းကျင်းပမည့် ဘရစ်အုပ်စုထိပ်သီး ညီလာခံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖွယ်ရှိကြောင်း ဩဂုတ် ၂၄ ရက် သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ ထို့ပြင် အဆိုပါခရီးစဉ် သွားရောက်ခဲ့ပါက ၂၀၂၀ ပြည့်နှစ်အတွင်း ပေါ်ပေါက်ခဲ့သည့် နယ်စပ်ပဋိပက္ခများကို အကြောင်းပြု၍ တင်းမာခဲ့သော တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်နွေးထွေးလာရန် လက္ခဏာလည်း ဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် လာမည့် စက်တင်ဘာလ ၁၂ ရက်မှ ၁၃ ရက်ထိ ဘရစ်အုပ်စု ထိပ်သီးညီလာခံကို နယူးဒေလီမြို့၌ ကျင်းပရန်စီစဉ်ထားသည်။ အဆိုပါ ဘရစ်အုပ်စု ထိပ်သီးညီလာခံသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့်အတူ အဖွဲ့ဝင်ဦးရေ ၄၀၀ ခန့်ပါဝင်မည့် တရုတ်ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါလာမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ နောက်ဆုံးတစ်ကြိမ် ရောက်ရှိခဲ့ဖူး ပြီး ထိုစဉ်က၎င်းနှင့်အတူ အဖွဲ့ဝင် ဦးရေ ၂၀၀ ခန့် လိုက်ပါခဲ့ဖူးသည်။ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်နွေးထွေး လာမှု လက္ခဏာအဖြစ် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ပြီးခဲ့ သည့်နှစ်တွင် ခုနစ်နှစ်တာကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ဖူး ကြောင်းသိရသည်။

26 Aug

ADVERTISE HERE .