“နော်တင်ဟမ်အသင်းက တိုက်စစ်မှူး ဒီလပ် ကိုခေါ်ယူရန်ဆွေးနွေး”

25 Aug

ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းက ချဲလ်ဆီးအသင်းတိုက်စစ်မှူး ဒီလပ် ကိုခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဒီလပ် ဟာ ချဲလ်ဆီးအသင်းကြီးနဲ့ လေ့ကျင့်ခွင့်မရဘဲ သီးသန့်လေ့ကျင့်မှု ပြုလုပ်နေရတာဖြစ်ပြီး ပေါင်သန်း ၅၀ ဝန်းကျင်ရရှိပါက ရောင်းချဖွယ် ရှိတယ်လို့သိရပါတယ်။ နော်တင်ဟမ်နဲ့ ချဲလ်ဆီးအသင်းအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုပေမယ့် အပြီးသတ် သို့မဟုတ် အငှားခေါ်ယူမလားဆိုတာကို မသိရသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နွေရာသီက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဒီလပ် ဟာ ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ပခုံးဒဏ်ရာ၊ တံကောက်ကြောဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ အခုရာသီမှာ ကျောနံပါတ် ၉ ကို အသင်းဖော် ပက်ဒရို ထံသို့ လွှဲပြောင်းပေးလိုက်ရတဲ့ ဒီလပ် ဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲအတွက် လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။ နော်တင်ဟမ်အသင်းဟာ တိုက်စစ်မှူး အဝိုနီယီ ကို ကိုဗင်ထရီအသင်းထံ ရောင်းချခဲ့ပြီးနောက် ဒီလပ် ကို အစားထိုးခေါ်ယူနိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။(NVS 008)

25 Aug

ADVERTISE HERE .