“မန္တလေးမြို့ပေါ် ခုနစ်မြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၄၉,၆၂၁ ပါးအား ဆွမ်းဆန်တော်လှူဒါန်းပွဲ ကျင်းပသွားမည်”

25 Aug

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးမှူး၍ ၂၀၂၆ ခုနှစ်အတွင်း မန္တလေးမြို့ပေါ် ခုနစ်မြို့နယ်ရှိ ကျောင်းတိုက်များ၌ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၄၉,၆၂၁ ပါးအတွက် ဆွမ်းဆန်တော်အပြင် ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ လှူဒါန်းပွဲအခမ်းအနားအား ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ လှူဒါန်းပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၄ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါ တယ်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် (ဝါခေါင်လပြည့်ကျော် ၉ ရက်) တွင် အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး တွင် ကျင်းပသွားမှာဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများအနေနဲ့ အစည်းအဝေးဆုံးဖြတ်ချက်များကို လုပ်ငန်းကဏ္ဍ များအလိုက် အဆင်ပြေအောင်မြင်စွာပြီးစီးရေး အလေးထားကာ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး လုပ်ငန်းကော်မတီများအလိုက် တာဝန်ရှိသူများက ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

25 Aug

ADVERTISE HERE .