“မန္တလေးတိုင်းဒေသကြီး၌ တောင်သမန်ဘိုးဘိုးကြီးပွဲတော်ကို အစဉ်လာမပျက် ကျင်းပသွားမည်”
25 Aug
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောင်သမန်ကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ တောင်သမန် ဘိုးဘိုးကြီးပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဝင်ထံမှ သိရပါတယ်။ တောင်သမန်ဘိုးဘိုးကြီးပွဲတော်ကို တော်သလင်းလပြည့်ကျော် ၂ ရက်မှ တော်သလင်းလပြည့်ကျော် ၁၀ ရက်ထိ ချိုးရေတော်သုံးပွဲ၊ ချော့ပွဲ၊ တက်ပွဲ စတဲ့ ရိုးရာဓလေ့ နတ်ပူဇော်ပွဲများဖြင့် နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် လည်း အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာသူများဖြင့် အစည်ကားဆုံးဖြစ်စေရန် ပွဲစီစဉ်သူများက ပြင်ဆင်လျက်ရှိပါ တယ်။ တောင်သမန်ဘိုးဘိုးကြီးပွဲတော်တွင် တောင်သမန်အင်းအတွင်း မြန်မာ့ရိုးရာလှေပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပလေ့ရှိပြီး အင်းပတ်လည်အနီးဝန်းကျင်ရှိ ဘုန်းအိုး၊ ရွှေဂွမ်းထုပ်၊ တရုတ်တန်း၊ သရက်တန်း၊ နွားနို့တော်စု၊ ရွာသစ်၊ တဲနံ့သာ စတဲ့ ကျေးရွာများမှ ပါဝင်ယှဉ်ပြိုင်လေ့ရှိကြောင်း သိရပါတယ်။ (NVS-004)