“ဂရီးလစ်ရှ် လမ်းခွဲဖွယ်ရှိနေသေးကြောင်း ပြောကြားခဲ့တဲ့ မာရက်စကာ”
25 Aug
မန်စီးတီးနည်းပြ မာရက်စကာ က ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂရီးလစ်ရှ် ကို လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့ပေမဲ့ အသင်းမှာ အနာဂတ်မသေချာကြောင်းနဲ့ လမ်းခွဲဖွယ်ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ဂရီးလစ်ရှ် ကို ၂၀၂၁ နွေရာသီမှာ အက်စတွန်ဗီလာကနေ ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူခဲ့ပေမယ့် ၂၀၂၃-၂၄ ရာသီစကပြီး ပွဲထွက်ခွင့်ရဖို့ ရုန်းကန်လာရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ အဲဗာတန်အသင်းဆီ အငှားချခံခဲ့ရပြီး အခုရာသီကြိုကာလမှာမှ မန်စီးတီးအသင်းကို ပြန်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဂရီးလစ်ရှ်အနေနဲ့ ၂၀၂၅ မေလတုန်းက ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရပြီးနောက်ပိုင်း မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကစားခွင့်မရတော့တာကြောင့် ဘုန်းမောက်အသင်းနဲ့ပွဲမှာ ကစားခွင့်ရခဲ့ခြင်းက ရက်ပေါင်း ၄၆၀ ကြာမှ မန်စီးတီးအသင်းနဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲ ပြန်ကစားခွင့်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)