“ဆွေးနွေးညှိနှိုင်းမှု လမ်းပြမြေပုံနှင့်စပ်လျဉ်း၍ ကွန်ဂိုနိုင်ငံ (DRC) အစိုးရနှင့် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တို့ သဘောတူညီမှုရရှိ”

24 Aug

ကွန်ဂိုနိုင်ငံ(DRC) အစိုးရနှင့် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ M23 လှုပ်ရှားမှုတို့သည် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု လမ်းပြမြေပုံနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးညှိနှိုင်းမှု၏ အဆင့် ခွဲထားမှုနှင့် အချိန်စီစဉ်ထားရှိမှုတို့ကို အတည်ပြုခဲ့ကြောင်း ဩဂုတ်လ ၂၂ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် ဒိုဟာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရရှိထားသောတိုးတက်မှုနှင့် ရင်ဆိုင်ရသည့် စိန်ခေါ်မှု များကို သုံးသပ်ခဲ့ပြီး ရှိရင်းစွဲကတိများအား အကောင်အထည်ဖော်မှုနှင့် နောက်ဆက်တွဲ ဆွေးနွေးညှိနှိုင်းမှုများ တွန်းအားပေးဖော်ဆောင်မှုနှင့် စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ နှစ်ဖက်သည် နောက်ဆက်တွဲ ဆွေးနွေးညှိနှိုင်းမှု လမ်းပြမြေပုံကိုချမှတ်ခဲ့ပြီး သက်ဆိုင်ရာအဆင့်နှင့် အချိန်စီစဉ်ထားရှိမှုတို့ကို အတည်ပြုခဲ့ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ သဘောတူညီချက်နှင့် ကတိကဝတ်များအား အကောင်အထည်ဖော်မှု အခြေအနေကို နောက်ဆက်တွဲခြေရာခံရန်အတွက် ယန္တရားတည်ထောင်ရန်လည်း သဘောတူညီခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ နှစ်ဖက်က အပစ်အခတ်ရပ်စဲမှု စိစစ်ရေးယန္တရားတွင် တိုးတက်မှုရရှိခဲ့ခြင်းကိုလည်း ကြိုဆိုခဲ့ပြီး ဆွေးနွေး ညှိနှိုင်းမှုဖြင့် ပဋိပက္ခအားဖြေရှင်းခြင်းနှင့် ဘက်စုံငြိမ်းချမ်းရေးတို့ကို တွန်းအားပေးဖော်ဆောင်သွားမည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ M23 လှုပ်ရှားမှုအဖွဲ့သည် ကွန်ဂိုနိုင်ငံ(DRC)၊ North Kivu ပြည်နယ်၊ South Kivu ပြည်နယ် စသည့်ဒေသများ၌ အဆက်မပြတ် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး အရေးကြီးမြို့များစွာကို သိမ်းပိုက်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ကာတာနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကွန်ဂိုနိုင်ငံ(DRC)အစိုးရနှင့် M23 လှုပ်ရှားမှုအဖွဲ့ တို့သည် ဒိုဟာမြို့၌ အခြေခံမူကြေညာချက်အား လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် နှစ်ဖက်က ဒိုဟာမြို့၌ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုဖြင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန်၊ အဆင့်ခွဲ၍ တည်ငြိမ်ရေးလုပ်ငန်းစဉ်အား တွန်းအားပေးဖော်ဆောင်ရန်၊ ပဋိပက္ခ၏ အရင်းအမြစ် အားဖြေရှင်းရန် ကတိပြုခဲ့ကြကြောင်း သိရသည်။(Repost from Xinhua Myanmar)

24 Aug

ADVERTISE HERE .