“ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာရေးဆိုင်ရာ စည်းမျဉ်းသစ်များ အီရန်ထုတ်ပြန်”

24 Aug

အီရန်နိုင်ငံ၏ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာရေးဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သည့် သင်္ဘောများအနေဖြင့် ဒဏ်ငွေရိုက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် သိမ်းဆည်းခြင်းစသည့် အကန့်အသတ် အစီအမံများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အီရန်နိုင်ငံ ပါရှန်ပင်လယ်ကွေ့ရေလက်ကြား စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (PGSA)က ဩဂုတ်လ ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ ပါရှန်ပင်လယ်ကွေ့သို့ ဝင်ထွက်သွားလာနေကြသည့် ကုန်သည်များသည် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာ များကို ရှောင်ရှားနိုင်ရန်အတွက် သင်္ဘောငှားရမ်းခြင်းမပြုမီ ပါရှန်ပင်လယ်ကွေ့ရေလက်ကြား စီမံခန့်ခွဲရေးအာဏာပိုင် အဖွဲ့(PGSA)က ထုတ်ပြန်ထားသော စည်းကမ်းချိုးဖောက်သည့် သင်္ဘောများစာရင်းကို မဖြစ်မနေ စစ်ဆေးကြည့်ရှု ကြရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဩဂုတ်လ ၂၃ ရက်မှစ၍ မည်သည့်သင်္ဘောမဆို စည်းကမ်းချိုးဖောက်သည့် သင်္ဘောများစာရင်းဝင် သင်္ဘောများနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ယင်းစာရင်းထဲသို့ ထည့်သွင်းခြင်းခံရမည်ဖြစ်ကြောင်း ကြေညာချက် တွင်ဖော်ပြထားသည်။ အဆိုပါစာရင်းမှ ပယ်ဖျက်လိုသော သင်္ဘောများအနေဖြင့် ပါရှန်ပင်လယ်ကွေ့ရေလက်ကြား စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့(PGSA)ထံသို့ တရားဝင်လျှောက်ထားချက် တင်သွင်းရမည်ဖြစ်ပြီး အကြောင်းရင်းကိုလည်း ရှင်းလင်း ဖော်ပြရမည်ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

24 Aug

ADVERTISE HERE .