“လီဗာပူးလ်ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ် ကို ခေါ်ယူခဲ့တဲ့ အင်တာမီလန်အသင်း”
24 Aug
အင်တာမီလန်အသင်းဟာ လီဗာပူးလ်အသင်းက အင်္ဂလန်ကွင်းလယ်လူ ကာတစ်ဂျုံးစ် ကို ယူရို ၃၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ကာတစ်ဂျုံးစ် ရဲ့ ကနဦးပြောင်းရွှေ့ကြေးက ယူရိုသန်း ၃၀ ဖြစ်ပြီး အပိုဆုကြေးကတော့ ယူရို ငါးသန်း ဖြစ်ပါတယ်။ ကာတစ်ဂျုံးစ် ဟာ အင်တာမီလန်အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ ကာတစ်ဂျုံးစ် ရဲ့ အနာဂတ်အပြောင်းအရွှေ့ကနေ ၁၀ ရာခိုင်နှုန်း ခံစားခွင့်ရရှိမယ့် အချက်လည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။ လီဗာပူးလ်အသင်းဟာ ဇွန်လက အင်တာမီလန်အသင်းရဲ့ ယူရို ၂၅ သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး အခုမှ တိုးမြှင့်ကမ်းလှမ်းလာလို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ဇန်နဝါရီလကတည်းက ကာတစ်ဂျုံးစ်ကို စိတ်ဝင်စားခဲ့ပြီး ကနဦးအငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရပါတယ်။ (NVS 008)
24 Aug