“ဆာဗင်ညို ကို ခေါ်ယူဖို့ မန်စီးတီးအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တဲ့ စပါးအသင်း”

24 Aug

စပါးအသင်းဟာ မန်စီးတီးအသင်းတောင်ပံကစားသမား ဆာဗင်ညို ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ စပါးအသင်း ဟာ ဆာဗင်ညို အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းအထိ ပေးချေရမှာဖြစ်ပါတယ်။ ဆာဗင်ညို ရဲ့အပြောင်းအရွှေ့ကြေးအပြင် အပိုဆုကြေးက ပေါင် ၁၀ သန်းအထိရှိနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဆာဗင်ညို ဟာ စပါးအသင်းနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုသွားဖို့လည်း ရှိနေပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကတည်းက ဆာဗင်ညိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဆာဗင်ညိုအနေနဲ့ ၂၀၂၄ ခုနှစ် နွေရာသီမှာ မန်စီးတီးအသင်းကို ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၈၄ ပွဲကစားကာ ခုနစ်ဂိုး သွင်းယူခဲ့ပါတယ်။ (NVS 008)

24 Aug

ADVERTISE HERE .