“မတူညီသော ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဟောင်း ဇိုလာနီ လုပ်ကြံခံရ၍ သေဆုံး”

23 Aug

မတူညီသော ဝိတ်တန်းနှစ်ခုတွင် ကမ္ဘာ့ချန်ပီယံအဖြစ် ကာလရှည်ရပ်တည်ခဲ့ဖူးသည့် တောင်အာဖရိက လက်ဝှေ့သမား ဇိုလာနီ ဟာ အမ်ဒန်ဆာနီမြို့ရှိ နေအိမ်၌ လုပ်ကြံခံရပြီးသေဆုံးခဲ့ကြောင်း တောင်အာဖရိက ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်ဟု Boxing Scene သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဇိုလာနီ ကို လာရောက်လုပ်ကြံသူနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး CCTV မှတ်တမ်းများ အရ လုပ်ကြံသူအမျိုးသားမှာ နေအိမ်အတွင်းဝင်ရောက်၍ ဇိုလာနီ ကိုလုပ်ကြံနေစဉ် အဖော်ပါလာသည့် အမျိုးသမီးက ဇိုလာနီ ၏ ခြံရှေ့ဂိတ်တံခါးတွင် စောင့်ကြပ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဇိုလာနီ ဟာ IBF ကမ္ဘာ့စူပါဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်နှင့် WBO ကမ္ဘာ့ဘင်တန်ဝိတ်တန်း ချန်ပီယံ ခါးပတ်များကို ကာလရှည်ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ တောင်အာဖရိကရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံတွေကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေကြောင်းနဲ့ ကနဦးစစ်ဆေးချက်အရ လုပ်ကြံခဲ့သူတွေဟာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

23 Aug

ADVERTISE HERE .