“သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ရန် ပိုမိုနီးစပ်လာတဲ့ စီရော်နယ်ဒို”
23 Aug
ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒို အနေနဲ့ ယခုနှစ်ဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ် ကစားခဲ့တဲ့ အယ်လ်နာဆာအသင်းက အယ်လ်ရီယာ့ဒ်အသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီးနောက် သွင်းဂိုး ၁,၀၀၀ ပြည့်မြောက် ရန် ပိုမိုနီးစပ်လာခဲ့ကြောင်း One Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် စီရော်နယ်ဒို က ပွဲချိန် ၆၂ မိနစ်တွင် လူစားဝင်ကစားခဲ့ပြီးနောက် ဘောလုံးရာသီ ၂၅ ရာသီဆက် ကစားနိုင်သည့် တတိယမြောက် ကစားသမား ရပ်တည်ခဲ့ပါတယ်။ စီရော်နယ်ဒို က လူစားဝင်ကစားကာ ပွဲချိန် ၈၃ မိနစ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီးနောက် ဘောလုံးလောကတွင် သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ရန် ပိုမိုနီးစပ်လာခဲ့ပါတယ်။ လက်ရှိတွင် စီရော်နယ်ဒို အနေနဲ့ ပေါ်တူဂီအသင်း၊ စပို့တင်းလစ္စဘွန်းအသင်း၊ မန်ယူအသင်း၊ ရီးရဲလ် မက်ဒရစ်အသင်း၊ ဂျူဗင်တပ်အသင်း၊ အယ်လ်နာဆာအသင်းတို့နှင့်အတူ ပရော်ဖက်ရှင်နယ်သွင်းဂိုး ၉၇၇ ဂိုးထိ ရှိလာခဲ့တာကြောင့် သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရန် ၂၃ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။(NVS 008)