“MFF Charity Shield 2026 ဗိုလ်လုပွဲစဉ်မှရရှိမည့် ကွင်းဝင်ကြေးများကို နိုင်ငံတစ်ဝန်းမှ ရေဘေးသင့်ပြည်သူများထံ လှူဒါန်းရန်စီစဉ်”

23 Aug

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လာမည့် MFF Charity Shield 2026 ဗိုလ်လုပွဲစဉ်မှရရှိမည့် ကွင်းဝင်ကြေး များကို နိုင်ငံတစ်ဝန်းမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းရန်စီစဉ်ထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က MFF Charity Shield 2026 ဗိုလ်လုပွဲစဉ်ကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ရာသီသစ်မစတင်မီ ကျင်းပလေ့ရှိပြီး အစောပိုင်းနှစ်အနည်းငယ်က ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း ယခုနှစ်ဘောလုံး ရာသီတွင် ပြန်လည်ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ MFF Charity Shield ဗိုလ်လုပွဲစဉ်ကျင်းပသည့် နှစ်များတွင် ရရှိသည့် ကွင်းဝင်ကြေးများကို နိုင်ငံတစ်ဝန်း လိုအပ်ချက်များရှိနေသည့် နေရာများတွင် လှူဒါန်းခဲ့ပြီး လာမည့်ပွဲစဉ်မှ ရရှိမည့်ကွင်းဝင်ကြေးများကိုလည်း နိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ပြည်သူများထံ လှူဒါန်းနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ MFF Charity Shield 2026 ဗိုလ်လုပွဲစဉ်ကို ပြီးခဲ့တဲ့ဘောလုံးရာသီက MNL League Cup ဖလား ဆွတ်ခူး ခဲ့သည့်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဖလားဆွတ်ခူးခဲ့သည့် အသင်းတို့ ကစားရမှာြဖစ်လို့ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် MNL League Cup ဖလားချန်ပီယံ ရန်ကုန်ယူနိုက် တက်အသင်းတို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ကွင်းဝင်ကြေး လက်မှတ်ခများကို ရိုးရိုးတန်းအတွက် ငွေကျပ် ၂,၀၀၀ နှင့် အထူးတန်းအတွက် ငွေကျပ် ၅,၀၀၀ သတ်မှတ်ထားရှိပါတယ်။ MFF Charity Shield 2026 ဗိုလ်လုပွဲစဉ်ကို ဩဂုတ်လ ၂၅ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမှာဖြစ်ပြီး MRTV-4 ရုပ်သံလိုင်းမှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။(NVS 008)

23 Aug

ADVERTISE HERE .