“ဘရိုက်တန်ကွင်းလယ်လူ ဘာလယ်ဘာ ကိုခေါ်ယူနိုင်ရန် မန်ယူအသင်း သဘောတူညီမှုရရှိ”
22 Aug
မန်ယူအသင်းက ဘရိုက်တန်အသင်း ကင်မရွန်းလက်ရွေးစင်ကွင်းလယ်လူ ဘာလယ်ဘာ ကိုခေါ်ယူနိုင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း ၇၀ အထိ အသုံးပြုရဖွယ်ရှိကြောင်း သိရပါတယ်။ ဘာလယ်ဘာ အနေနဲ့ ယခုရက်သတ္တပတ်မကုန်ခင် ဆေးစစ်မှုခံယူရမှာဖြစ်ပါတယ်။ မန်ယူအသင်းက ချယ်လ်ဆီးအသင်းမှ အန်ဒရေဆန်းတို့စ်၊ အက်စတွန်ဗီလာအသင်းမှ တီလေမန်းစ် တို့ကိုခေါ်ယူပြီးနောက် ဘာလယ်ဘာ ကို ထပ်မံခေါ်ယူပြီး ကွင်းလယ်ပိုင်းကို ထပ်မံအားဖြည့်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ယခုနှစ်နွေရာသီ အသုံးစရိတ်က ဘာလယ်ဘာ ရဲ့အပြောင်းအရွှေ့အပါအဝင် ပေါင် ၁၅၃ သန်း အထိ ရှိလာခဲ့ပါတယ်။(NVS 008)
22 Aug