“ပရီးမီးယားလိဂ်မှာ ဂျပန်ကစားသမား ၁၀ အထိ ခေါ်ယူထား”

22 Aug

၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားမယ့် ဂျပန်ကစားသမားအရေအတွက်က ၁၀ ဦး အထိ ရှိလာခဲ့ပြီး ၎င်းပမာဏက စံချိန်တင်နှုန်းထားတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ဂျပန်ကစားသမားအများဆုံး ကစားခွင့်ရတဲ့ ရာသီအဖြစ်မှတ်တမ်း သစ်တင်နိုင်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ကို နောက်ထပ်ဂျပန်ကစားသမားသစ်တွေ ထပ်မံရောက်လာဦးမလားဆိုတာ ကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဂျပန်ကစားသမားအများဆုံး ကစားခွင့်ရနေတဲ့လိဂ်က ဘွန်ဒက်စ်လီဂါဖြစ်ပြီး ၁၄ ဦး အထိပါဝင်နေတာကြောင့် လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်က ဒုတိယနေရာမှာရပ်တည်နေပါတယ်။(NVS 008)

22 Aug

ADVERTISE HERE .