“စီးရီးစီကလပ် ရာဗန်နာအသင်းမှာ ဘောလုံးပြန်ကစားမယ့် ရော်နယ်လ်ဒင်ဟို”
22 Aug
အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်ဂန္ထဝင်ဘောလုံးသမား ရော်နယ်လ်ဒင်ဟို က အီတလီစီးရီးစီကလပ် ရာဗန်နာအသင်းမှာ ဘောလုံးပြန်ကစားတော့မှာဖြစ်ကြောင်း သိရပါတယ်။ ရော်နယ်လ်ဒင်ဟို အနေနဲ့ ၂၀၁၅ ခုနှစ်က ဖလူမင်နိစ်အသင်းမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့သူဖြစ်ပြီး (၁၁)နှစ်အကြာမှာ ဘောလုံးပြန်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒင်ဟို က ရာဗန်နာအသင်းမှာ ရှယ်ယာအနည်းငယ် ပိုင်ဆိုင်ထားသူလည်းဖြစ်တာကြောင့် ကစားသမားအဖြစ် ပါဝင်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းပါတယ်။ ရော်နယ်လ်ဒင်ဟို ဟာ ကလပ်အသင်းတွေအတွက် ၂၆၆ ဂိုး သွင်းယူထားပြီး ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက် ၃၃ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)
22 Aug