“ရှမ်းယူနိုက်တက်အသင်းက AFC Challenge League ပြိုင်ပွဲ အုပ်စုအဆင့်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်”

22 Aug

ရှမ်းယူနိုက်တက်အသင်းက ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ အုပ်စုအဆင့်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ သိရပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်(AFC)က ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ အုပ်စုအဆင့်ပွဲများကို လာမယ့်အောက်တိုဘာလ ၁၇ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ အုပ်စု(E)မှာ တရုတ်တိုင်ပေကလပ် နယူးတိုင်ပေစီးတီး၊ AFC Challenge League ခြေစစ်ပွဲအနိုင်ရအသင်း၊ AFC Champions League Two မှ ရှုံးနိမ့်အသင်းတို့နဲ့ ကျရောက် နေပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ အုပ်စုအဆင့်ပွဲတွေကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ လာမယ့် အောက်တိုဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ လက်ခံကျင်းပမှာဖြစ်ပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်(AFC)အနေနဲ့ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုကို သြဂုတ်လ ၂၀ ရက်က AFC ရုံးစိုက်ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

22 Aug

ADVERTISE HERE .