ကုန်ဈေးနှုန်းသတင်း ၂၁.၈.၂၀၂၆
21 Aug
ဩဂုတ်လ ၂၁ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကြက်သွန်နီဈေးတွေ အနည်းငယ် တက်လာပြီး မန်ကျည်းသီး၊ အာလူးနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၅,၆၂၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၄,၉၅၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၄၆၅ ကျပ်ကနေ ၅,၅၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၁၆၈ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၃၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၂,၆၉၅ ကျပ်ကနေ ၁၅,၀၄၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၆၉၅ ကျပ်ကနေ ၁၄,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၄၀ ကျပ်ကနေ ၁,၇၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၅၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၈,၃၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၆,၃၀၀ ကျပ်ကနေ ၉,၃၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၆၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၄,၂၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၃၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၃၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ် ဖြစ်ပေါ်နေ ပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၇ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၇၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၄၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၅၇၅ ကျပ်၊ မန္တလေးမှာ ၃,၇၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၆၈၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၆၉၀ ကျပ်၊ မန္တလေး မှာ ၃,၈၅၀ ကျပ်၊ နေပြည်တော်မှာ ၃,၈၀၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၀၇၀ ကျပ်၊ မန္တလေးမှာ ၄,၂၂၀ ကျပ်၊ နေပြည်တော်မှာ ၄,၁၇၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၉၂၅ ကျပ်၊ မန္တလေးမှာ ၅,၀၈၀ ကျပ်၊ နေပြည်တော်မှာ ၅,၀၃၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ် (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၂၈၀,၀၀၀ိ/-) သိန်းတစ်ရာ နှစ်သိန်း ရှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။